စစ်အုပ်ချုပ်ရေးအောက်က စက်သုံးဆီပြတ်လပ်မှုပြဿနာ
၁။ မွန်ပြည်နယ် စက်သုံးဆီ ဖြန့်ဖြူးရေးကဏ္ဍ အကျပ်အတည်းနှင့် လူမှု-စီးပွား တည်ငြိမ်မှုအပေါ် သက်ရောက်မှု
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် မွန်ပြည်နယ်သည် ၎င်း၏ စက်သုံးဆီ ဖြန့်ဖြူးရေးစနစ်ကို ရန်ကုန် (သီလဝါဆိပ်ကမ်း) မှ မုဒုံမြို့နယ်ရှိ Puma International Port Terminal (ရာဇာမင်း ဆိပ်ကမ်း) သို့ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်းခဲ့သည်။[1] ဤစနစ်ပြောင်းလဲမှုသည် ဆီပန့်မလုံလောက်မှု၊ နယ်စပ်ဒေသသို့ တရားမဝင် တင်ပို့မှုများ နှင့်အတူ စီမံခန့်ခွဲမှု အားနည်းချက်များ ကစက်သုံးဆီ ပြတ်လပ်မှုနှင့်ဈေးနှုန်းမြင့်တက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။